ကျိုက်ထို  ၃ စက်တင်ဘာ

လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ Covid-19 ကာလတွင် ပြည်သူလူထု၏ လူမှုစီးပွားဘဝများအပေါ် သက်ရောက်မှုများ လျော့ပါးသက်သာစေရန် ရည်ရွယ်၍ ကျိုက်ထိုမြို့နယ်ရှိ ကိုယ်ဝန်ဆောင်မိခင်များကို ထောက်ပံ့ငွေပေးအပ်နိုင်ရန် စက်တင်ဘာ ၂ ရက် မွန်းလွဲ ၂ နာရီက မြောက်ပိုင်းရပ်ကွက်ဓမ္မာရုံ၌‌ ကျိုက်ထိုမြို့နယ် ရင်ခွင်မဲ့ ကလေးစောင့်ရှောက်ရေးအဖွဲ့မှ ဒေါ်တင်နွယ်ဦးနှင့် အဖွဲ့ဝင်များက ကိုယ်ဝန်ဆောင်မိခင်များ၏ စာရင်းနှင့် ဩဂုတ်လအတွင်း မွေးဖွားသည့် ကလေးငယ်များ၏ စာရင်းများကို ကောက်ယူခဲ့သည်။

 

စာရင်းကောက်ယူရာတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ဆေးစစ်ချက်အထောက်အထား များ၊ တရားဝင်မှတ်ပုံတင်ထားသော ပုဂ္ဂလိကဆေးရုံဆေးခန်းများ၏ ဆေးစစ်ချက်အထောက်အထား များရှိသည့် ကိုယ်ဝန်‌ဆောင်မိခင်များနှင့် ဩဂုတ်လအတွင်းမွေးဖွားသည့် ကလေးငယ်များ၏ စာရင်းကို သာကောက်ယူခြင်းဖြစ်သည်။

 

ယင်းသို့ ကောက်ယူရရှိသည့် ကိုယ်ဝန်ဆောင်မိခင်များနှင့်က‌ လေးငယ်များအားတစ်ဦးလျှင် ငွေကျပ် (၃၀၀၀၀)နှုန်းဖြင့် စက်တင်ဘာ ၂၀ ရက် နောက်ပိုင်းတွင် မိုဘိုင်းငွေလွှဲစနစ်ဖြင့် လွှဲပြောင်းပေးအပ် ထောက်ပံ့သွားမည်ဖြစ်ကြောင်း သိရသည်။

ဝင်းမောင်(ကျိုက်ထို)