ကျိုက်ထို ဇွန် ၁၃

 

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ဇွန် ၁၃ ရက် နံနက်ပိုင်းတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဆံတော်ရှင်ကျိုက်ထီးရိုး တောင်တက်ကားလမ်း၊ ကင်မွန်းချောင်းကျေးရွာမှ (၇)မိုင် (၆)ဖာလုံ၊ စခန်းလေးရေဆိပ်ကွေ့တွင် မြေသားပြိုကျမှုဖြစ်ပွားကြောင်း သိရသည်။

 

အဆိုပါ မြေသားပြိုကျမှုဖြစ်ပွားရာသို့ နယ်မြေခံ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ကျိုက်ထီးရိုးဂေါပက အဖွဲ့ဝင်နှင့် တောင်တက်အသင်း ဥက္ကဋ္ဌတို့ ပူးပေါင်းအဖွဲ့မှ သွားရောက်စစ်ဆေးခဲ့ကြရာ ဇွန် ၁၂ ရက် ညပိုင်းမှစတင်၍ မိုးသည်းထန်စွာရွာသွန်းမှုများကြောင့် စခန်းလေးရေဆိပ်ကွေ့ တောင်တက်ကားလမ်းဘေး အမြင့်ပေ(၁၀၀)ခန့်၊ အလျားပေ(၃၀)ခန့် မြေသားပြိုကျမှုဖြစ်ပွားပြီး တောင်တက်ကားလမ်းပေါ် အရှည်ပေ(၁၀၀)ခန့် မြေသားပိတ်ဆို့မှု ဖြစ်ပွားလျက်ရှိ ပူးပေါင်းအဖွဲ့မှ မြေသားရှင်းလင်းခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

မြေသားပြိုကျပြီး တောင်တက်ကားလမ်းပိတ်ဆို့မှုများကြောင့် ကျိုက်ထီးရိုးဘုရားဖူးပြည်သူများအား ကင်မွန်းစခန်း-ရသေ့တောင် တောင်တက်လမ်းဟောင်းမှ ပို့ဆောင်ပေးလျက်ရှိပါကြောင်း သိရသည်။

 

ကျိုက်ထို(ပြန်/ဆက်)