ခန္တီး  ၄  ဇူလိုင်

ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်ရှိ  မေတ္တာရှင်ရဲ့အစေခံ ခရစ်ယာန်အခမဲ့ နာရေးကူညီမှု အသင်းဂေဟာမှ ကလေး ၁၆ ဦးအား လူမှုဝန်ထမ်းဦးစီးဌာနနှင့် Tdh-L(Teree des homes Lausanne) တို့ ပူးပေါင်း၍ မိဘရပ်ထံပြန်လည် အပ်နှံခြင်းအခမ်းအနားကို ဇူလိုင် ၄  ရက်နေ့ ညနေ ၄ နာရီက ခန္တီးမြို့ ချင်းတွင်းရိပ်သာ ခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ဆင့်  နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမောင်ကယ်တို့က အဖွင့်အမှာစကားပြောကြားပြီး လူမှုဝန်ထမ်းဦးစီးဌာန လက်ထောက်ညွန်ကြားရေးမှူး ဒေါ်ခင်ဌေးက ကျောင်းသားမိဘထံ ပြန်လည်အပ်နှံခြင်းအကြောင်း ရှင်းလင်းပြောကြားသည်။

 

mdn

 

အဆိုပါ ကျောင်းသားများမှာ ခန္တီးမြို့နယ် ခမောင်းကျေးရွာမှ ကျောင်းသားတစ်ဦး၊ ခန္တီးမြို့နယ် မယ်ပုတ်ကျေးရွာမှ ကျောင်းသားတစ်ဦးနှင့် လဟယ်မြို့နယ် တမောင်းကျေးရွာမှ ကျောင်းသား ဆယ့်နှစ်ဦး ကျောင်းသူ၊ နှစ်ဦး စုစုပေါင်း ကျောင်းသား  ၁၆ ဦး မိဘများထံ ပြန်လည်အပ်နှံပေးခဲ့ကြောင်း သိရသည်။

ချန်လော (ခန္တီး)

 

mdn