ကျိုင်းလပ် ၂၂ ဩဂုတ်
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့၌ မိုးရာသီအတွင်း ရေစီးရေလာကောင်းမွန်စေရန် ကျောက်စီရေနုတ်မြောင်း တူးဖော်ခြင်းကို လမ်းဦးစီးဌာနမှ ပြည်နယ်အထွေထွေပိုလျှံရန်ပုံငွေ (GRF)ဖြင့် အမှတ် ၁ ရပ်ကွက်၊ ဝမ်လုံ ကျေးရွာအဝင် လမ်းဘေး ဝဲ/ယာ၌ တူးဖော်ပေးခဲ့သည်။
ကျိုင်းလပ်မြို့၌ မိုးရာသီအတွင်း မိုးများအဆက်မပြတ် ရွာသွန်းခြင်းကြောင့် မြောင်းအတွင်း ရေများပိတ်ဆို့တားဆီးမှု မရှိစေရန်နှင့် ကျေးရွာရပ်ကွက်အတွင်း ရေစီးရေလာ ကောင်းမွန်စေရန် လမ်းဘေး ဝဲ/ယာ အရှည် ၅၀ မီတာ၊ အကျယ် ၀ ဒသမ ၆၁ မီတာ၊ အမြင့် ၀ ဒသမ ၆ မီတာ ရှိ ကျောက်စီရေမြောင်း တူးဖော်တည်ဆောက်ပေးခြင်း ဖြစ်ကြောင်း လမ်းဦးစီးဌာန၊ လမ်းဦးစီး ဦးကျော်မျိုးနိုင်ထံမှ သိရသည်။
ကျော်ဇေယျာလင်း (ပြန်/ဆက်)
