ကျိုင်းလပ် ၂ ဇူလိုင်


ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းလပ်မြို့တွင် H1N1 ရာသီတုပ်ကွေး ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောခြင်းကို ယနေ့ နံနက် ၁၀ နာရီက ကျိုင်းလပ်မြို့ အမှတ် (၁)ရပ်ကွက်၊ ဝမ်လုံကျေးရွာ အုပ်ချုပ်ရေးမှူး ရုံးခန်းမ၌ ကျင်းပကြောင်း သိရသည်။ 


ဟောပြောပွဲတွင် ကျိုင်းလပ်မြို့ တိုက်နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက မိုးဦးကျရာသီတွင် အဖြစ်များလေ့ရှိသော ရာသီတုပ်ကွေး H1N1 ကြိုတင်ကာကွယ်ရေးကို အသိပညာပေး ရှင်းလင်းပြောကြားပြီး လက်ကမ်းစာစောင်များ ပေးအပ်ခဲ့သည်။ ဆက်လက်၍ ကျန်းမာရေးဆိုင်ရာ ဆီးချို၊ သွေးချို ရောဂါများကိုပါ အခမဲ့ စမ်းသပ်စစ်ဆေးပေးခဲ့ကြောင်း သိရသည်။


ကျော်ဇေယျာလင်း (ပြန်/ဆက်)