ကျိုင်းလပ် ၃၀ သြဂုတ်
ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်ခရိုင် ကျိုင်းလပ်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းပြီး "လူငယ်နှင့် မူးယစ်ဆေးဝါး" ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်းကို သြဂုတ် ၂၈ ရက် နံနက် ၁၀ နာရီခွဲက အခြေခံပညာအထက်တန်းကျောင်း(ဝမ်နတ်)၌ ကျင်းပသည်။
ရှေးဦးစွာ ကျိုင်းလပ်မြို့အုပ်ချုပ်ရေးမှူး ဦးကျော်လင်းအောင်က အမှာစကားပြောကြားပြီး တာချီလိတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နှင်းရည်က ပြည်သူ့စကားဝိုင်းပြုလုပ်ရခြင်းရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ကျိုင်းလပ်မြို့အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူတို့က မူးယစ်ဆေးဝါးအန္တရာယ်နှင့် ပတ်သက်၍ သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးခဲ့ကြသည်။ ထို့နောက် တက်ရောက်လာသည့် ကျောင်းသား ကျောင်းသူများက သိရှိလိုသည်များကို ပြန်လည်မေးမြန်းရာ ဦးဆောင်ဆွေးနွေးသူများက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြောင်း သိရသည်။
ကျိုင်းလပ်(ပြန်/ဆက်)


