ဘိုကလေး ၃၀  မေ 


ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်ရှိ ဘိုကလေး-ကြိမ်ချောင်း-ကဒုံကနိ လမ်းပေါ်ရှိ အရှည်ပေ ၄၀ဝ ရှိသော ကိုင်းတောကြီးတံတားသည် ကြံ့ခိုင်မှုအားနည်းနေသဖြင့် ပြင်ဆင်ခြင်း လုပ်ငန်းများ ဆောင်ရွက်မည်ဖြစ်ရာ မော်တော်ယာဉ်ဖြတ်သန်းခွင့် ခေတ္တ ပိတ်မည်ဖြစ်ကြောင်း သိရသည်။


အဆိုပါ တံတားအား ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာန၊ တံတား အထူးအဖွဲ့ (၁၆)မှ ကြံ့ခိုင်မှုအားနည်းနေသော Timber Transom နှင့် Timber  Strainger များကို Steel Transom နှင့် Steel  Strainger များဖြင့် အစားထိုးဆောင်ရွက်မည်ဖြစ်ပြီး သစ်သားကြမ်းခင်းနှင့် သစ်သားဘီးလမ်း များကို  ဖယ်ရှားခြင်း လုပ်ငန်းများအား မေ(၃၁)မှ ဇွန်(၁၁)အထိ ဆောင်ရွက်မည်ဖြစ်ကြောင်း၊ အဆိုပါ လုပ်ငန်း ဆောင်ရွက်နေစဉ် အန္တရာယ် ကင်းရှင်းစေရေးအတွက် မော်တော်ယာဉ် ဖြတ်သန်းသွားလာခွင့် ခေတ္တပိတ်ထားမည် ဖြစ်ကြောင်း သက်ဆိုင်ရာမှ သိရသည်။


မိုးစက်(ဘိုကလေး)