ကျိုင်းတုံ ၆ ဇူလိုင်
ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးကာလအတွင်း ပြည်သူ့စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် ကလေးငယ်များအား အွန်လိုင်းမှတစ်ဆင့် ရုပ်ပုံပြပုံပြင်ပြောပြခြင်း၊ ရောင်စုံစက္ကူဖြင့် အရုပ်ခေါက် နည်းများနှင့် စာပေချစ်သူများ၊ စာဖတ်ပရိသတ်လူငယ်များအတွက် စာဖတ်အညွှန်း စာအုပ် မိတ်ဆက်ခြင်း အစီအစဉ်ကို ခရိုင်ပြည်သူ့စာကြည့်တိုက်က ဆောင်ရွက်ပေးလျက်ရှိသည်။
အဆိုပါ လုပ်ငန်းဆောင်ရွက်မှုတွင် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ကလေးငယ် များအတွက် ပုံပြင်ပြောပြခြင်းအစီအစဉ်ကို မေ ၂၆ ရက်မှစ၍ အပတ်စဉ် တနင်္လာနှင့် သောကြာနေ့တွင် လည်းကောင်း၊ ရောင်စုံစက္ကူဖြင့် အရုပ်ခေါက်နည်း အစီအစဉ်ကို ဇူလိုင်လ ၄ ရက်နေ့မှ စတင်၍ အပတ်စဉ် ဗုဒ္ဓဟူးနေ့နှင့် သောကြာနေ့တွင်လည်းကောင်း၊ မြို့နယ် Book Club အသင်းနှင့် ပူးပေါင်း၍ စာဖတ်အညွှန်း စာအုပ်မိတ်ဆက်ကဏ္ဍအစီအစဉ်ကို ဇူလိုင် ၄ ရက်မှစ၍ အပတ်စဉ် စနေနေ့တွင်လည်းကောင်း အွန်လိုင်းမှတစ်ဆင့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ရဲထက်ဉီး(ပြန်/ဆက်)


