ကျိုင်းတုံ ဇန်နဝါရီ ၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ ကျိုင်းဖောင်းရေပူစမ်း၌ ဆောင်ရာသီကာလ ယခုတစ်ပတ်အတွင်း လာရောက်အပန်းဖြေ လည်ပတ်သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
"ကျွန်တော်တို့ ကျိုင်းတုံမြို့ ကျိုင်းဖောင်းရေပူစမ်းမှာ ဒီနှစ် ဆောင်းရာသီကာလမှာ လာရောက်လည်ပတ် အပန်းဖြေသူတွေ ယခင်နှစ်တွေထက် ပိုမိုစည်းကားပြီးတော့ ရေပူစမ်းမှာ ဈေးရောင်းချသူတွေလည်း ဈေးရောင်းကောင်းတာ တွေ့ရတယ်။ အခုလို ပြည်သူတွေ စိတ်အေးချမ်းစွာ လာရောက်အပန်းဖြေတာတွေ့ရတော့ ကျိုင်းတုံမြို့နေ ပြည်သူတစ်ယောက်အနေနဲ့ ဝမ်းသာပီတိဖြစ်ရပါတယ်" ဟု လာရောက် လည်ပတ်သူတစ်ဦးက ပြောသည်။
အဆိုပါအပန်းဖြေစခန်းသည် ကျိုင်းတုံ-တောင်ကြီး ကားလမ်းဘေး၊ ကျိုင်းဖောင်းချောင်းအနီးတွင် တည်ရှိပြီး သဘာဝအလျောက်တည်ရှိသော ရေပူစမ်းတစ်ခုဖြစ်ပြီး တာဝန်ရှိသူများနှင့် ဒေသခံပြည်သူများက အများပြည်သူများ အခမဲ့ လာရောက်အပန်းဖြေစေရန် ဆောင်ရွက်ထားရှိကာ ဒေသထွက်အစားအစာများ၊ ရောင်းချခြင်း၊ သာဘာဝရေပူစမ်းဖြင့် ရေချိုးခန်းများ ဆောင်ရွက်ထားရှိပေးခြင်းကြောင့် ယခု ဆောင်းရာသီ ဒီဇင်ဘာလ အဆိုပါ ရေပူစမ်းကွင်းပြင်ရှိ မြက်ခင်းပြင်းတွင် ပြည်သူများ စိတ်အေးချမ်းသာစွာ လာရောက် အပန်းဖြေသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)