တောင်ကြီး ဇန်နဝါရီ ၁၂

 

ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့နယ်အတွင်းရှိ သမဝါယမလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဇန်နဝါရီ ၁၁ ရက် နံနက်ပိုင်းက ရှမ်းပြည်နယ် သမဝါယမဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးကျော်မိုးတင့်နှင့် တာဝန်ရှိသူများက ကျိုင်းတုံမြို့နယ် မိုင်းဇင်းကျေးရွာအုပ်စုရှိ မိုင်းဇင်းလယ်ယာနှင့် အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်းမှ နွေစပါး ဧက ၁၆၀ နှင့် မိုင်းလန်းကျေးရွာအုပ်စုရှိ ပုလဲရတနာ စိုက်ပျိုးရေးနှင့် အထွေထွေလုပ်ငန်း သမဝါယမအသင်းမှ နွေစပါး ၁၉၁ ဧက စိုက်ပျိုးထားရှိမှုများကို ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။

 

ထိုသို့ ကွင်းဆင်းကြည့်ရှု စစ်ဆေးရာတွင် တာဝန်ရှိသူများက အသင်းမှ လိုအပ်လျက်ရှိသည့် ငွေကြေးအရင်းအနှီး၊ သွင်းအားစုများ ပြတ်လပ်မှုမရှိစေရေးအတွက် သက်ဆိုင်ရာ မြို့နယ်သမဝါယမအသင်းစုနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဝိုးတောင်း