ကျိုင်းတုံ ဒီဇင်ဘာ ၂၉
ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့၌ (၄၉)ကြိမ်မြောက် အာခါအမျိုးသားနေ့ အခမ်းအနားကို ဒီဇင်ဘာ ၂၈ ရက် ညနေ ၄ နာရီက အမှတ်(၁)ရပ်ကွက် အမေ့ရင်ခွင်ကျောင်းဝင်း၌ ကျင်းပသည်။
ဦးစွာ အမေ့ရင်ခွင်ကျောင်း တော်ဖွင့်ပွဲကျင်းပရာ ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ တြိဂံဒေသ တိုင်းစစ် ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် အောင်ခိုင်ဝင်းနှင့် အာခါတိုင်းရင်းသား ဦးမင်းညိုတို့က ဖဲကြိုးဖြတ်ဖွင့်လှစ် သည်။
အာခါအမျိုးသားနေ့ အခမ်း အနားတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက အမှာစကားပြောကြားပြီး အလှူငွေများ ပေးအပ်သည်။ ထို့နောက် တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်ခိုင်ဝင်းနှင့် ရှမ်း ပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်းတို့က အလှူငွေများပေးအပ်ရာ အာခါတိုင်းရင်းသား တစ်ဦးက ကျေးဇူးတင်စကား ပြောကြားသည်။
ထို့နောက် အာခါတိုင်းရင်းသားများက ရိုးရာယဉ်ကျေးမှု အကများ၊ တေးသီချင်းများဖြင့် ဖျော်ဖြေတင်ဆက် ခဲ့ကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)