ကျိုင်းတုံ ဇူလိုင် ၂၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်တွင် ငလျင်လှုပ်စဉ် ဘေးအန္တရာယ် ဖြစ်ပွားခြင်းမှ ကာကွယ်နိုင်ရေး လိုက်နာရမည့် အချက်များ အသိပညာပေးနှိုးဆော်ခြင်း ဇူလိုင် ၂၂ ရက် နံနက်ပိုင်းက လူစည်ကားသည့်နေရာများတွင် တာဝန်ရှိသူများက ဆောင်ရွက်ခဲ့ကြသည်။
ကျိုင်းတုံမြို့နယ်တွင် အင်အားအနည်းငယ်နှင့် အသင့်အတင့်ရှိ ငလျင်လှုပ်မှု များပြားနေသည့်အတွက် ကျိုင်းတုံခရိုင် ဘေးန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနနှင့် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဝန်ထမ်းများက ငလျင်လှုပ်စဉ် လိုက်နာရမည့် အချက်များ၊ ရှောင်ရှားသင့်သည့် အချက်များ၊ ကြိုတင်ကာကွယ်ခြင်း နည်းလမ်းများကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် အသံချဲ့စက်များဖြင့် လိုက်လံအသိပညာပေး နှိုးဆော်ခြင်းနှင့် ငလျင်ဘေး ပညာပေး လက်ကမ်း စာစောင်များ ဖြန့်ဝေခြင်းတို့ကို လူစည်ကားသည့် ကျိုင်းတုံ မြို့မဈေးကြီး၊ မြို့လယ်ကျောက်တိုင်နှင့် ရပ်ကွက်၊ ကျေးရွာများတွင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)