ကျိုင်းတုံ မတ် ၂၅
ရန်ကုန်မျက်စိအထူးကုဆေးရုံကြီးမှ အထူးကုဆေးကုသရေးအဖွဲ့သည် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နှင့် အနီးတစ်ဝိုက်ရှိ ဒေသခံ တိုင်းရင်းသားပြည်သူများအား အခမဲ့ မျက်စိစမ်းသပ် ခွဲစိတ်ကုသပေးခြင်းကို မတ် ၁၅ ရက်မှ ၂၂ ရက်အထိ ကျိုင်းတုံမြို့ ခုတင်(၂၀၀) အထွေထွေရောဂါကုဆေးရုံကြီး၌ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ဒေသခံပြည်သူ မျက်စိဝေဒနာရှင် ၄၉ ဦးအား ရန်ကုန် မျက်စိအထူးကု ဆေးရုံကြီးမှ မျက်စိအထူးကု ဆရာဝန်ကြီးများက အခမဲ့ စမ်းသပ်ခွဲစိတ်ကုသပေးခဲ့ပြီး အဆိုပါဆောင်ရွက်နေမှုများကို ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ပြည်နယ် ကုသရေးနှင့် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာစည်သူအောင်၊ ကျိုင်းတုံအထွေထွေရောဂါကုဆေးရုံ ဆေးရုံအုပ်ကြီး ဒေါက်တာ အောင်ဝင်းနှင့် တာဝန်ရှိသူများက ကြီးကြပ်၍ လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)