ကျိုင်းတုံ ဩဂုတ် ၁၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်တွင် ရေဘေးသင့် အိမ်ထောင်စုများအား ဆန်ရိက္ခာများကို တြိဂံဒေသတိုင်း စစ်ဌာနချုပ် တိုင်မှူး ဗိုလ်ချုပ်မျိုးမင်းထွန်းနှင့် တာဝန်ရှိသူများက  ဩဂုတ် ၁၆ ရက် နံနက်ပိုင်းက ကတ်ဖကျေးရွာအုပ်စု၊ ယန်းဝိုးကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ သွားရောက် ထောက်ပံ့ပေးခဲ့သည်။

ထောက်ပံ့ရာတွင် ကျိုင်းတုံမြို့နယ်၊ ကတ်ဖကျေးရွာအုပ်စု၊ ယန်းဝိုး၊ ယန်းခမ်း၊ ဝမ်တာကျေးရွာများမှ ရေဘေးသင့် အိမ်ထောင်စု ၁၀၃ စုအတွက် ရှမ်းပြည်နယ် အစိုးရအဖွဲ့မှ ထောက်ပံ့လှူဒါန်းသည့် ဆန်အိတ် ၅၀၊ ခေါက်ဆွဲခြောက်ထုတ်များ၊ တြိဂံဒေသတိုင်း စစ်ဌာနချုပ်မှ ကြက်ဥအလုံး ၁၀၀၀၊ မြို့နယ်အကောက်ခွန်ဦးစီးဌာနမှ ဆန်အိတ် ၂၀နှင့် ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ငွေကျပ် ၁၅ သိန်းကျော် တန်ဖိုးရှိ ဆန်ရိက္ခာများကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်းနှင့် တြိဂံဒေသတိုင်း စစ်ဌာချုပ် နယ်လှည်ဆေးကုသရေးအဖွဲ့က ကျေးရွာနေ ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်ပေးခြင်းများကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ 

အောင်ဇင်မြင့်(ပြန်/ဆက်)