ကျိုင်းတုံ   ဇန်နဝါရီ    ၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ ကျိုင်းဖောင်းရေပူစမ်း၌ ဆောင်ရာသီကာလ ယခုအပတ်အတွင်း လာရောက်အပန်းဖြေ လည်ပတ်သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

အဆိုပါအပန်းဖြေစခန်းသည် ကျိုင်းတုံ-တောင်ကြီး ကားလမ်းဘေး၊ ကျိုင်းဖောင်းချောင်းအနီး တွင်တည်ရှိပြီး သဘာဝအလျောက် တည်ရှိသော ရေပူစမ်းတစ်ခုဖြစ်ပြီး တာဝန်ရှိသူများနှင့် ဒေသခံပြည်သူများက အများပြည်သူများ  အခမဲ့လာရောက်အပန်းဖြေစေရန် ဆောင်ရွက်ထားရှိကာ ဒေသထွက် အစားအစာများ ရောင်ချခြင်း၊ သာဘာဝရေပူစမ်းဖြင့် ရေချိုးခန်းများ ဆောင်ရွက်ထားရှိ ပေးခြင်းကြောင့် ပြည်သူများ စိတ်အေးချမ်းသာစွာ လာရောက်အပန်းဖြေသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)