ကျိုင်းတုံ  ၉ သြဂုတ် 


ကျိုင်းတုံမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေး ကော်မတီတို့ပူးပေါင်း၍ ဝက်ကူးစက်ရောဂါများနှင့် ပတ်သက်ပြီး အသိပညာပေးရှင်းလင်းဆွေးနွေးပွဲကို စည်ပင်သာယာရေးကော်မတီခန်းမ၌ သြဂုတ် ၈ ရက် ညနေ ၃ နာရီက ကျင်းပသည်။


အဆိုပါဆွေးနွေးပွဲတွင် ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဝဏ္ဏစိုး၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ နေပြည်တော်(ရုံးချုပ်)မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာထွန်းမင်း၊ ပြည်နယ်ဒုတိယအုပ်ချုပ်ရေးမှူးဦးရဲနိုင်၊ ရှမ်းပြည်နယ်စည်ပင်ပင်သာယာရေး ကော်မတီ ဒုတိယဉက္ကဌ ဦးသိန်းထိုက်၊ ကျိုင်းတုံမြို့နယ်အတွင်းရှိ  ဝက်မွေးမြူရေး လုပ်ငန်းရှင်များနှင့် ဝက်သားသတ်လုပ်ငန်းရှင်များ စုစုပေါင်းအင်အား (၁၂၀)ဦးတက်ရောက်ဆွေးနွေးကြသည်။


အခမ်းအနားတွင် ပြည်နယ်ဒုတိယအုပ်ချုပ်ရေးမှူး ဦးရဲနိုင်က အဖွင့်အမှာစကားပြောကြားပြီး ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဝဏ္ဏစိုးက ဆက်လက်အမှာစကားပြောကြားသည်။ ယင်းနာက် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ နေပြည်တော်(ရုံးချုပ်)မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာထွန်းမင်းက ဝက်ကူးစက်ရောဂါများနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့သည်။ ယင်းနောက်ဆွေးနွေးပွဲသို့ တက်ရောက်လာကြသော ဝက်မွေးမြူရေး လုပ်ငန်းရှင်များနှင့် ဝက်သားသတ်လုပ်ငန်းရှင်များက သိလိုသည်များကို မေးမြန်းဆွေးနွေးတင်ပြကြရာ တာဝန်ရှိသူများမှ ပြန်လည်ဖြေကြား ရှင်းလင်းဆွေးနွေးကြကြောင်း သိရသည်။


ရဲထက်ဦး(ပြန်/ဆက်)