ကြို့ပင်ကောက် ဇွန် ၁၁
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ် အမှတ် (၃၂) စက်မှုလယ်ယာစခန်းတွင် လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု အခြေခံသင်တန်းအမှတ်စဉ် (၁/၂၀၂၆ ) ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့က ကျင်းပသည်။
ဖွင့်လှစ်
အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဇော်မင်းက အမှာစကားပြောကြားပြီး သာယာဝတီခရိုင် စက်မှုလယ်ယာဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်မြင့်က တောင်သူများ လက်ဝယ်ရှိ လယ်ယာသုံး စက်ကိရိယာများအား ကိုယ်တိုင် ပြုပြင်ထိန်းသိမ်းနိုင်ရေး၊ လယ်ယာလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာပြီး ဒေသတွင်းစားရေရိက္ခာဖူလုံ ပိုလျှံလာစေရေးနှင့် ပြည်ပပို့ကုန် တိုးတက်ထုတ်လုပ်နိုင်ရေးတို့ကို ရည်ရွယ်၍ ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ပြောကြားကာ တာဝန်ရှိသူများက သင်တန်းအထောက်အကူပြု စာရေးကိရိယာများအား သင်တန်းသားများထံ ပေးအပ်ကြသည်။
အဆိုပါ သင်တန်းကို သင်တန်းနည်းပြ နှစ်ဦးဖြင့် ၁၂ ရက်ကြာ ဖွင့်လှစ်သင်ကြား ပေးသွားမည်ဖြစ်ပြီး သင်တန်းသား တောင်သူများအား စာတွေ့လက်တွေ့ သင်ကြားပေးသွားမည်ဖြစ်ကြာင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)


