ကြို့ပင်ကောက်  ၄   ဇွန် 

 

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ်ရှိ တောင်သူများက အခြေခံ စပါးကြမ်းခင်းဈေး ငါးသိန်း ရရှိရေးအတွက် ယနေ့ နံနက် ၈ နာရီ မိနစ် ၂၀  မှ စတင်ကာ ၉ နာရီ မိနစ် ၂၀ အထိ စီတန်း လှည့်လည်ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

 

ယင်းသို့ ဆန္ဒဖော်ထုတ်ရာတွင် မှန်ပင်ထူးအုပ်စု ကြခတ္တန်းကြီးကျေးရွာနေ တောင်သူ ဦးထွန်းဝေက ဦးဆောင်ပြီး တောင်သူအင်အား၂၀ဝ ခန့်က ကြို့ပင်သာ ၂ လမ်း အရှေ့ထိပ်မှ ဝါဆိုလမ်းမကြီး၊ မြောက်ရွာမလမ်း၊ အရှေ့မြို့ပတ်လမ်း၊ အရှေ့လမ်းမတော်လမ်း၊ ရန်ကုန်-ပြည်လမ်းမှတစ်ဆင့် ကြို့ပင်သာ ၂ လမ်းအရှေ့ထိပ်အထိ စီတန်းလှည့်လည်ခဲ့ကြကြောင်း သိရသည်။


    
ဇေယျာထွန်း(ကြို့ပင်ကောက်)