ရန်ကုန် ၂၂ စက်တင်ဘာ

 

ကိုရိုနာဗိုင်းရပ်စ်ပိုးသည် ငွေစက္ကူပေါ်တွင် (၃)နာရီခန့်ကြာလျှင် ပိုးတစ်ဝက်ခန့်သေဆုံးနိုင်ပြီး (၂၄)နာရီကြာလျှင် ပိုးအားလုံး သေဆုံးနိုင်ကြောင်းနှင့် ဈေးဝယ်ကတ်တွင် (၇၂)နာရီ ကြာအောင် အသက်ရှင်နေနိုင်ကြောင်း နောက်ဆုံးတွေ့ရှိချက်အရ သိရှိရသည်။

 

လက်ရှိတွင် ငွေစက္ကူမှတစ်ဆင့် ရောဂါပိုးကူးစက်သည်ဟူသော အကြောင်းအရာ မရှိသော်လည်း ကိုင်တွယ်ပြီးသောအခါတိုင်း မျက်စိ၊ နား၊ နှာခေါင်းစသော မျက်နှာ၏ T Zone နေရာများကို မထိတွေ့မိစေရန်နှင့် လက်ကို စင်ကြယ်စွာ ဆေးကြောခြင်းဖြင့် ကူးစက်မှုကို ကာကွယ်နိုင်ကြောင်း ဆေးတက္ကသိုလ် (၁)ရန်ကုန်၊ ဆေးပညာဌာနမှ ဂုဏ်ထူးဆောင်ပါမောက္ခ ဒေါက်တာညွန့်သိန်းမှ သတိပေးပြောကြားထားကြောင်း သိရသည်။

 

#MRTV