ကျိုက်မရော ၁၄ နိုဝင်ဘာ
မွန်ပြည်နယ် ကျိုက်မရော မြို့နယ်အတွင်းရှိ ပြည်သူများ အဆင်ပြေချောမွေ့စေရန်အတွက် မော်တော်ဆိုင်ကယ်မောင်းလိုင်စင်များကို ကျေးရွာများအရောက် ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို နိုဝင်ဘာ ၁၆ ရက် စနေနေ့ နံနက် ၉ နာရီတွင် ကျိုက်မရောမြို့ ဆုတောင်းပြည့်ဘုရားကြီးဝင်း (ကဇာတ်)ရုံ အတွင်း၌ မွန်ပြည်နယ်ကုန်လမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဉီးစီးဌာန မော်လမြိုင် ရုံးမှဝန်ထမ်းများက နယ်လှည့်ကွင်းဆင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ယာဉ်မောင်းလိုင်စင်များ နယ်လှည့်ကွင်းဆင်းဆောင်ရွက်ပေးရာတွင် ဆိုင်ကယ် မောင်းလိုင်းစင် " က-၁" နှင့်" က"လိုင်စင်များ အသစ် ပြုလုပ်ပေးခြင်း လုပ်ငန်းများကို သတ်မှတ်စည်းကမ်းချက်များနှင့်အညီ နေ့ချင်းပြီး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ကုန်လမ်းပို့ဆောင်ရေးညွှန်ကြားမှု ဉီးစီးဌာနမှ တာဝန်ရှိသူက ပြောသည်။
ချိုမြတ်မြတ်ထွေး ( ကျိုက်မရော )


