ကျိုက်မ​ရော ၁၄ နိုဝင်ဘာ     

 

မွန်ပြည်နယ် ​ကျိုက်မ​ရော မြို့နယ်အတွင်းရှိ ပြည်သူများ အဆင်​ပြေ​ချော​မွေ့​စေရန်အတွက်​ မော်​တော်ဆိုင်ကယ်​မောင်းလိုင်စင်များကို ​ကျေးရွာများအရောက် ကွင်းဆင်း​ဆောင်ရွက်​​ပေးခြင်းကို နိုဝင်ဘာ ၁၆ ရက် စ​နေ​နေ့ နံနက် ၉ နာရီတွင် ကျိုက်မ​ရောမြို့ ဆု​တောင်းပြည့်ဘုရားကြီးဝင်း (ကဇာတ်)ရုံ အတွင်း၌ မွန်ပြည်နယ်ကုန်လမ်းပို့​ဆောင်​ရေး ညွှန်ကြားမှု ဉီးစီးဌာန ​မော်လမြိုင် ရုံးမှဝန်ထမ်းများက​ နယ်လှည့်ကွင်းဆင်း​ဆောင်ရွက်​ပေးသွားမည်ဖြစ်​ကြောင်း သိရသည်။

 

အဆိုပါ ယာဉ်မောင်းလိုင်စင်များ နယ်လှည့်ကွင်းဆင်း​ဆောင်ရွက်​ပေးရာတွင် ဆိုင်ကယ် မောင်းလိုင်းစင် " က-၁" နှင့်" က"လိုင်စင်များ အသစ် ပြုလုပ်​ပေးခြင်း လုပ်ငန်းများကို သတ်မှတ်စည်းကမ်းချက်များနှင့်အညီ​  ​နေ့ချင်းပြီး ​ဆောင်ရွက်​ပေးသွားမည်ဖြစ်​ကြောင်း ကုန်လမ်းပို့​ဆောင်​ရေးညွှန်ကြားမှု ဉီးစီးဌာနမှ တာဝန်ရှိသူက ​ပြောသည်။

 

ချိုမြတ်မြတ်​ထွေး ( ကျိုက်မ​ရော )