ကျောင်းကုန်း ၃၀ ဇွန်
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ ရုံးတောအုပ်စု၊ ငမာန်ချောင်ကျေးရွာ၌ ကိုယ့်အားကိုယ်ကိုး မူလတန်းကျောင်းမှ အခြေခံပညာမူလတန်းကျောင်း(ခွဲ)အဆင့်သို့ တိုးမြှင့်ဖွင့်လှစ်ပွဲကို ယနေ့နံနက် ၉ နာရီအချိန် ကျင်းပခဲ့သည်။
အခမ်းအနားတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းထွန်း နှင့် မဲဆန္ဒနယ်အမှတ်(၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ဇော် တို့က အဖွင့်အမှာစကား ပြောကြားပြီး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မျိုးဝင်း က ဝမ်းမြောက်စကား ပြောကြားခဲ့သည်။၊ ဒုတိယမြို့နယ်ပညာရေးမှူးဦးအောင်မြင့်စိန် က ဂုဏ်ပြုအမှာစကား ပြောကြားပြီး၊ ကျောင်းအကျိုးဆောင် ဦးဆန်းဝင်းက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
ထို့နောက် ကျောင်းဆောက်လုပ်ရန် မြေအလှူရှင်များနှင့် ရေတွင်းရေကန်အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ပြီး၊ မြို့နယ်အုပ်ချုပ်ရေးမှူးမှ ဆရာ၊ ဆရာမများအား လက်ဆောင်ပေးအပ်ကာ ကျောင်းသားကျောင်းသူများအတွက် ကျောင်းသုံးဗလာစာအုပ်နှင့် ဘောလုံးတို့ ပေးအပ်ခဲ့ကြောင်း သိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)


