ရန်ကုန် ၂၇ ဇွန်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီဌာန၊ မသန်စွမ်းသက်ကြီးသင်တန်းကျောင်း (ရန်ကုန်)တွင် အသက် (၁၈)နှစ်မှ (၄၅)နှစ်အတွင်းရှိ ကိုယ်အင်္ဂါ မသန်စွမ်းသူများအတွက် (၂၀၁၉)ခုနှစ် (၃)လ သင်တန်းများဖြစ်ကြသော စက်ချုပ်သင်တန်း၊ တံဆိပ်ရိုက်သင်တန်း၊ ဓါတ်ပုံသင်တန်း၊ ဆံသသင်တန်း၊ ကွန်ပျူတာသင်တန်းများကို (၂၀၁၉)ခုနှစ် စက်တင်ဘာ (၉)ရက်၌ ဖွင်လှစ်သင်ကြားပေးမည် ဖြစ်သည်။
အဆိုပါသင်တန်းများအား တက်ရောက်လိုသူများသည် အမှတ်(၆၅)၊ ကျိုက်ဝိုင်းဘုရားလမ်း၊ လူမှုဝန်ထမ်း၊ အတတ်သင်သိပ္ပံ ကျောင်းဝင်းအတွင်း မသန်စွမ်းသင်တန်းကျောင်း မရမ်းကုန်းမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ ဖုန်း- ဝ၁-၉၆၆၁၇၁၂၊ ဝ၉-၂၅၀၁၃၀၃၄၂ နှင့် ဝ၉-၄၂၁၀ဝ၃၅၆၀ သို့ (ရုံးချိန်အတွင်း) ဆက်သွယ်စုံစမ်းနိုင်ကြောင်းနှင့် သင်တန်းတက်ရောက်ခွင့် ရသူများသည် သင်တန်းတက်ရောက်နေစဉ် ကာလအတွင်း နေထိုင်ရေး၊ စားသောက်ရေးများ၊ စီစဉ်ပေးပြီး သင်ထောက်ကူပစ္စည်း၊ လစဉ် ထောက်ပံ့ကြေးနှင့် နယ်မှလာရောက်သော သင်တန်းသားများအတွက် အိမ်ပြန်ခရီး စရိတ်ပံ့ပိုးပေးမည်ဖြစ်ကြောင်း သိရှိရသည်။
သတင်းစဉ်


