လှိုင်းဘွဲ ၃၀ မေ
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်(၂၈၇၃)ဦးနှင့် (၂)နှစ်အောက်ကလေးငယ်(၂၂၉၂)ဦး စုစုပေါင်း (၅၁၆၅) ဦးအတွက် ဒုတိယအကြိမ် ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက်(၁၀)နာရီအချိန်တွင် လှိုင်းဘွဲမြို့နယ် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစောချစ်ခင်က အဖွင့်အမှာစကားပြောကြားပြီး ကရင်ပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးမူက ထောက်ပံ့ငွေပေးရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်း ပြောကြားရာတွင် နိုင်ငံတော်နေဖြင့် မိခင်လောင်းများအား အာဟာရဓာတ်ပြည့်ဝပြီး အနာဂတ်မျိုးဆက်သစ်ကလေးများ ဉာဏ်ရည်ဉာဏ်သွေး ပြည့်ဝစေရေး ကလေးငယ်တစ်ဦးအတွက် ရက်ပေါင်း(၁၀ဝ၀)အတွင်း အာဟာရပြည့်ဝစေရန် မိခင်လောင်း များအနေဖြင့် မိမိတို့၏ ရင်သွေးငယ်များအား ကျန်းမာရေးဝန်ထမ်းများ၏ လမ်းညွှန်မှုအတိုင်း ကျွေးမွေးပြုစုစောင့်ရှောက်ကာ တိုင်းပြည်အတွက် ဉာဏ်ရည်ဉာဏ်သွေးပြည့်ဝသော မျိုးဆက်သစ်များကို မွေးထုတ်ပေးရန် ကိုယ်ဝန်ဆောင်မိခင်နှင့် (၂)နှစ်အောက် ကလေးငယ်များ၏ မိသားစုများထံ လက်ဝယ်အရောက် ထောက်ပံ့ပေးသွားရန်လိုကြောင်း ပြောကြားခဲ့သည်။
ထို့နောက် (၂)နှစ်အောက်ကလေးငယ် (၂၂၉၂)ဦးအတွက် တစ်ဦးလျှင်(၁၅၀ဝ၀)နှုန်းဖြင့် (၃)လစာ (၁၀၃၁၄၀ဝ၀)ကျပ် ကိုယ်ဝန်ဆောင်မိခင် (၂၈၇၃)ဦးအတွက် (၁၁၃၁၇၅၀ဝ၀)ကျပ် စုစုပေါင်း(၅၁၆၅)ဦးအတွက် ထောက်ပံ့ငွေ(၂၁၆၃၁၅၀ဝ၀)ကျပ်ကို ပြည်နယ်လွှတ်တော်ဥက္ကဌ ဦးစောချစ်ခင်က လှိုင်းဘွဲမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသိန်းထံသို့ ပေးအပ်ခဲ့ကြောင်း သိရသည်။
ခင်စန်းမြင့်(ပြန်/ဆက်)