မြစ်ကြီးနား  ၁၄   သြဂုတ် 

 

ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP)မှ ကချင်ပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန အတွက် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန် ဒေါ်လာ (၁)သိန်းခွဲ ခန့်တန်ဖိုးရှိ (PPE)ဝတ်စုံနှင့် ဆက်စပ်ပစ္စည်းကိရိယာများကို ယနေ့ နံနက် ၁၀ နာရီက အထွေထွေရောဂါကု ဆေးရုံကြီး အစည်းအဝေးခန်းမ၌ ပေးအပ်လှူဒါန်းသည်။

 

လှူဒါန်းပွဲတွင် ကုလသမဂ္ဂကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) ကိုယ်စား ဦးညွန့်ဝင်းဌေးက ကိုဗစ်-၁၉‌ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအတွက် အမေရိကန်ဒေါ်လာ (၁)သိန်းခွဲခန့် တန်ဖိုးရှိ တစ်ကိုယ်ရည်သုံးရောဂါကာကွယ်ရေးဝတ်စုံ (PPE) နှင့် ပစ္စည်းကိရိယာများကို ထောက်ပံ့ပေးအပ်ခဲ့ရာ ပြည်နယ်ကုသရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာတင့်နိုင်နှင့် ဆေးရုံအုပ် ဒေါက်တာတင်လှတို့က လက်ခံယူခဲ့ကြသည်။

 

အဆိုပါ ထောက်ပံ့ပစ္စည်းများကို ကချင်ပြည်နယ်အတွင်း ကျန်းမာရေးဝန်ထမ်များ၊ နေရပ်‌ရွှေ့ပြောင်းနေထိုင်ကြ သူများ၊ အသွားအလာကန့်သက်စောင့်ကြည့်ရှု‌ရေးစင်တာများနှင့် ပြည်တွင်းလူမှုရေးအဖွဲ့အစည်းများထံသို့ လွှဲပြောင်း‌ပေးအပ် အသုံးပြုသွားမည်ဖြစ်ကြောင်း သိရသည်။

 

ယော်ဆောင်(ပြန်/ဆက်)