မြစ်ကြီးနား မတ်လ ၅
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက မတ်လ ၅ ရက် နံနက်ပိုင်းတွင် ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြစ်ကြီးနားမြို့ ရေပေးရေးလုပ်ငန်းဆောင်ရွက်နေမှုနှင့် မြို့ပေါ် ရပ်ကွက်များ သို့ မြစ်ရေတင်စီမံကိန်းဖြင့် ရေပေးဝေနေမှုအခြေအနေများကို မြို့နယ်စည်ပင်သာယာရေး အဖွဲ့၊ဒုတိယအင်ဂျင်နီယာမှူးကြီး ဦးမျိုးဝင်းက ရှင်းလင်းတင်ပြရာ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က တင်ပြချက်များအပေါ် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ဆက်လက်၍ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများသည် မြစ်ကြီးနားမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ပလန(၁) ပိတောက်မြိုင် ခေတ်မီစံပြကျေးရွာတွင် စာကြည်တိုက်တည်ဆောက်ခြင်းနှင့် ကဏ္ဍကြီး (၆)ရပ်ဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ကျေးရွာရှိ ရပ်မိရပ်ဖများ၊ ကျေးရွာသူ၊ ကျေးရွာသားများနှင့် တွေ့ဆုံကာ ဆောင်ရွက်ပြီးဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ရေရှည်တည်တံ့အောင် ဝိုင်းဝန်းထိန်းသိမ်းကြရန် ဆွေးနွေးမှာကြားပြီး ကျေးရွာတင်ပြအပ်ချက်များကို ညွှန်ကြားရေးမှူးချုပ်က ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
မောင်ခိုင်