တနိုင်း  ၁၈  စက်တင်ဘာ

 

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ်အတွင်းရှိ တိုက်ပွဲရှောင်ပြည်သူများအတွက် ပြည်နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ သြဂုတ်လ(၂၉)ရက်နေ့က တစ်အိမ်ထောင်လျှင် ငွေကျပ်၄၀၀၀ဝနှုန်းနှင့် အိမ်သုံးပစ္စည်(၄)မျိုး ထောက်ပံ့ပေးအပ်ခဲ့ပြီးဖြစ်ရာ ယခုအခါ ဒုတိယ အကြိမ် အဖြစ် တစ်အိမ်ထောင်လျှင် ငွေကျပ် ၄၀၀၀ဝ နှုန်းဖြင့် ပြန်လည်ထောက်ပံ့ခြင်းကို ယမန်နေ့က သက်ဆိုင်ရာတာဝန်ရှိသူများမှ မြို့နယ်အတွင်းရှိ KBC/RC/AG/COC ဘုရားကျောင်းများတွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့သည်။

 

ယင်းသို့ထောက်ပံ့ပေးအပ်ရာတွင် စီးပွားရေးကုစားမှုအစီအစဉ်(CERP)အရ ပြည်နယ်ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ စားသောက်ကုန်(၅)မျိုးဝယ်ယူရန်အတွက် ထောက်ပံ့ပေးအပ်သော ထောက်ပံ့ငွေများအား တစ်အိမ်ထောင်လျှင် ငွေကျပ် ၄၀၀၀ဝ နှုန်းဖြင့် တနိုင်းမြိုနယ်အတွင်းရှိ တိုက်ပွဲရှောင် ပြည်သူများအား ဒုတိယအကြိမ်အဖြစ် ပြန်လည်ထောက်ပံ့ပေးအပ်ခြင်းဖြစ်သည်။

 

အဆိုပါထောက်ပံ့ငွေ များကို ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ်ဝန်ကြီးဌာနဝန်ကြီး ဦးဇော်ဝင်း ဦးဆောင်၍ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်လွင်နှင့် ဌာနဆိုင်ရာများလိုက်ပါလျက် တနိုင်းမြိုနယ် ကင်ဆားရာရပ်ကွက်၊ KBCဘုရားကျောင်းရှိ တိုက်ပွဲ ရှောင်အိမ်ထောင်စု(၉၈)စုအတွက် ထောက်ပံ့ငွေကျပ်(၃၉,၂၀၀၀ဝ)နှင့် RC ဘုရားကျောင်းရှိ တိုက်ပွဲရှောင် အိမ်ထောင်စု(၁၅၆)စုအတွက် ထောက်ပံ့ငွေကျပ်(၆၂,၄၀၀၀ဝ) အား လည်းကောင်း၊ ဆွတ်ငိုင်ရပ်ကွက်၊  COC ဘုရားကျောင်းရှိ  တိုက်ပွဲရှောင်အိမ်ထောင်စု(၃၅)စုအတွက် ထောက်ပံ့ငွေကျပ် (၁၄,၀၀၀၀ဝ) အားလည်းကောင်း၊ မုန်ဒိန်ရပ်ကွက်နှင့် AG ဘုရားကျောင်းရှိ တိုက်ပွဲရှောင် အိမ်ထောင် စု(၄၅)စုအတွက် ထောက်ပံ့ငွေကျပ်(၁၈,၀၀၀၀ဝ) စုစုပေါင်းအိမ်ထောင်စု (၃၃၄)စုအတွက် ထောက်ပံ့ငွေကျပ်(၁၃၃,၆၀၀၀ဝ)အား သက်ဆိုင်ရာများမှ ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။

 

စိုင်းထင်ကျော်(ပြန်/ဆက်)