ဖားကန့် စက်တင်ဘာ ၇
ကချင်ပြည်နယ်အစိုးရအဖွဲ့မှ ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဟောင်းပါးကျေးရွာအုပ်စု ဆယ်ဇင်းကျေးရွာ တိုက်ပွဲရှောင်ပြည်သူများအတွက် ထောက်ပံ့ငွေများ ပေးအပ်ခြင်းအခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲက ဖားကန့်မြို့နယ်စုပေါင်းရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးငြိမ်းမောင်မောင်မှ အဖွင့်အမှာစကား ပြောကြားပြီး တိုက်ပွဲရှောင်ပြည်သူများကိုယ်စား IDPs camp တာဝန်ခံများထံသို့ ကချင်ပြည်နယ်အစိုးရအဖွဲ့မှ ပေးအပ်သော ထောက်ပံ့ငွေများအား ဆက်လက်ပေးအပ်ခဲ့သည်။
ဟောင်ပါးကျေးရွာ ဓမ္မသိရောမဏိဘုန်းကြီးကျောင်းတွင် ယာယီခိုလှုံလျက်ရှိသော တိုက်ပွဲရှောင် (၁၀၂)ဦးအတွက် ကျပ် ၆၅၀၀၀၀၊ ဟောင်ပါးကျေးရွာ သီရိရတနာဘုန်းကြီးကျောင်းတွင် ခိုလှုံလျက်ရှိသည့် တိုက်ပွဲရှောင် (၉၃)ဦးအတွက် ကျပ် ၆၀၀၀၀၀၊ တာမခန် အ.ထ.ကကျောင်းတွင် ယာယီခိုလှုံလျက်ရှိသည့် တိုက်ပွဲရှောင် (၂၉)ဦးအတွက် ကျပ် ၂၀၀၀၀၀၊ တာမခန်ကျေးရွာ AG ကျောင်းတွင် ခိုလှုံလျက်ရှိသော တိုက်ပွဲရှောင် (၁၉)ဦးအတွက် ကျပ် ၁၀၀၀၀၀၊ တာမခန် နှစ်ခြင်းကျောင်းတွင် ခိုလှုံလျက်ရှိသည့် တိုက်ပွဲရှောင်ပြည်သူ (၄၀)အတွက် ကျပ် ၂၇၀၀၀၀၊ ခိုမကျေးရွာ ဓမ္မရောင်ခြည်ဘုန်းကြီးကျောင်းတွင် ခိုလှုံလျက်ရှိသည့် တိုက်ပွဲရှောင်ပြည်သူ (၂၁၆)ဦးအတွက် ကျပ် ၁၄၀၀၀၀၀၊ နမ့်ရေတောင်ကျေးရွာ ဓမ္မသီတလဘုန်းကြီးကျောင်းတွင် ခိုလှုံလျက်ရှိသည့် တိုက်ပွဲရှောင်ပြည်သူ (၈၉)ဦးအတွက် ကျပ် ၆၀၀၀၀၀၊ နမ်းပင်းကျေးရွာ ပညာလင်္ကါရဘုန်းကြီးကျောင်းတွင် ခိုလှုံလျက်ရှိသည့် တိုက်ပွဲရှောင်ပြည်သူ (၁၄)ဦးအတွက် ကျပ် ၁၀၀၀၀၀၊ နမ့်ခမ်းမူကြိုကျောင်းတွင် ခိုလှုံလျက်ရှိသည့် တိုက်ပွဲရှောင်ပြည်သူ (၁၆)ဦးအတွက် ကျပ် ၁၀၀၀၀၀၊ ရွှေတောင်ကျော်ကျေးရွာ အ.လ.ကကျောင်းတွင် ခိုလှုံလျက်ရှိသည့် တိုက်ပွဲရှောင်ပြည်သူ (၂၄၄)ဦးအတွက် ကျပ် ၁၆၀၀၀၀၀၊ နမ့်မဖြစ်ကျေးရွာ ဓမ္မပါလဓမ္မာရုံတွင် ခိုလှုံလျက်ရှိသည့် တိုက်ပွဲရှောင်ပြည်သူ (၁၃၁)ဦးအတွက် ကျပ် ၉၀၀၀၀၀၊ မှော်စီစာကျေးရွာဓမ္မာရုံတွင် ခိုလှုံလျက်ရှိသည့် တိုက်ပွဲရှောင်ပြည်သူ (၂၂၇)ဦးအတွက် ကျပ် ၁၅၀၀၀၀၀၊ မမုံကျေးရွာ အထက်တန်းကျောင်းခွဲတွင် ခိုလှုံလျက်ရှိသည့် တိုက်ပွဲရှောင်ပြည်သူ (၂၂၈)ဦးအတွက် ကျပ် ၁၅၀၀၀၀၀၊ ဆိုင်းအောင်ကျေးရွာ မူလတန်းကျောင်းတွင် ခိုလှုံလျက်ရှိသည့် တိုက်ပွဲရှောင် (၄၇)ဦးအတွက် ကျပ် ၃၂၀၀၀၀၊ မှော်ရှန်ကျေးရွာ ဝင်းသီရိဘုန်းကြီးကျောင်းတွင် ခိုလှုံလျက်ရှိသည့် တိုက်ပွဲရှောင်ပြည်သူ (၂၄)ဦးအတွက် ကျပ် ၁၆၀၀၀၀ တို့အား Camps တာဝန်ခံများထံသို့ အသီးသီးထောက်ပံ့ပေးအပ်ခဲ့သည်။
ထို့ပြင် တိုက်ပွဲရှောင်ပြည်သူများနေဖြင့် Camp များတွင် နေထိုင်ရေး၊ စားသောက်ရေး၊ ရေ၊ မီးနှင့် ကျန်းမာရေး စသည်တို့ အဆင်ပြေစေရေးအတွက် မြို့နယ်အဆင့် ကော်မတီများ ဖွဲ့စည်းထားရှိပြီး ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထပ်ဆောင်း Boster Dose ထိုးနှံနိုင်ရေးအတွက်လည်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)