နေပြည်တော် ၂၁ မေ 
    

 

ကချင်ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားမှု အကောင်အထည်ဖော်ရေးဆိုင်ရာ လုပ်ငန်းအဖွဲ့၏ ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၁၉)ကို ယနေ့မွန်းလွဲပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ အဖွဲ့ခေါင်းဆောင် ဒုတိယဝန်ကြီး ဦးစိုးအောင်နှင့် လုပ်ငန်းအဖွဲ့ဝင်များ တက်ရောက်ဆွေးနွေးခဲ့ကြသည်။
    

 

ဆွေးနွေးပွဲတွင် လုပ်ငန်းအဖွဲ့၏ တာဝန်ယူဆောင်ရွက်ရမည့် ကိစ္စရပ်များ၊ ကချင်ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဘေးကင်းလုံခြုံပြီး မှီခိုကင်းစွာ ဂုဏ်သိက္ခာရှိရှိ ဘဝရပ်တည်နေနိုင်ရေးအတွက် ပြည်နယ်အစိုးရနှင့် သက်ဆိုင်ရာဝန်ကြီးဌာန အသီးသီးကကဏ္ဍအလိုက် တာဝန်ယူ ပူးပေါင်းဆောင်ရွက်ရမည့် အခြေအနေများကို လုပ်ငန်းအဖွဲ့ဝင်များက ရှင်းလင်းဆွေးနွေးတင်ပြရာ ဒုတိယဝန်ကြီးက ပေါင်းစပ်ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

 


(သတင်းစဉ်)