နေပြည်တော် ၁၄ ဇူလိုင်

 

ကချင်ပြည်နယ်၌ ဇူလိုင် ၁၁ ရက်တွင် မိုးသည်းထန်စွာ ရွာသွန်းပြီး ဧရာဝတီမြစ်ရေ မြင့်တက်ခဲ့မှုကြောင့် ရပ်ကွက်/ကျေးရွာများအတွင်း ရေများဝင်ရောက်ခဲ့ရာ  ယနေ့အထိ မြစ်ကြီးနား၊ ရွှေကူ၊ ဝိုင်းမော်၊ ဆင်ဘိုနှင့် ဗန်းမော်မြို့များတွင် စုစုပေါင်း ယာယီရေဘေးရှောင်စခန်း (၂၈)ခုသို့ အိမ်ထောင်စု (၆၃၀)စု၊ လူဦးရေ (၂၈၄၇)ဦးတို့ ခေတ္တပြောင်းရွှေ့ခဲ့ရသည်။

 

ယင်းတို့အနက်မှ မြစ်ကြီးနားမြို့နှင့် ဝိုင်းမော်မြို့တို့တွင် ‌ရေများပြန်လည်ကျဆင်းပြီ ဖြစ်သဖြင့် ယာယီရေဘေးရှောင်စခန်း (၁၀)ခုမှ အိမ်ထောင်စု (၁၄၂)စု၊ လူဦးရေ (၆၀၁)ဦးတို့မှာ နေအိမ်များသို့ ပြန်လည်ပြောင်းရွှေ့သွားပြီ ဖြစ်သည်။

 

အလားတူ ယနေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့၌လည်း ရေကြီးရေလျှံမှုများကြောင့်  ယာယီရေဘေးရှောင်စခန်း (၃)ခုနှင့် နီးစပ်ရာဆွေမျိုးနေအိမ်တို့တွင် အိမ်ထောင်စု (၈၉)စု၊ လူဦးရေ (၄၅၃)ဦး ခေတ္တပြောင်းရွှေ့ခဲ့ရသည်။

 

ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးမှူးရုံးများ အနေဖြင့် ကယ်ဆယ်ရေးစခန်းများရှိ ရေဘေးရှောင်ပြည်သူများအား ဆန်ရိက္ခာဖိုးများ၊ အဝတ် Mask နှင့်  ဆပ်ပြာတို့အား ထောက်ပံ့ပေးလျက်ရှိကြောင်း သိရသည်။

 

သတင်းစဉ်