မိုးညှင်း ၁၃ ဩဂုတ်
ကချင်ပြည်နယ်အစိုးရအဖွဲ့ Coronavirous Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ကြေညာချက်ဖြင့် ကချင်ပြည်နယ် မိုးညှင်းမြို့နယ် စုပေါင်းစစ်ဆေးရေးဂိတ်စခန်းနှင့် ပြည်နယ်အတွင်းရှိ ကျန်းမာရေးစစ်ဆေးရေး ဂိတ်စခန်းများအားလုံးကို ဩဂုတ် ၁၂ ရက်မှစတင်၍ ကျန်းမာရေးစစ်ဆေးဆောင်ရွက်မှုများအား ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
ကချင်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီးဌာန၏ ဩဂုတ် ၁၂ ရက် ထုတ်ပြန်ချက်အရ ကချင်ပြည်နယ်အတွင်းရှိ မြစ်ကြီးနားခရိုင်၊ ပူတာအိုခရိုင်၊ ဗန်းမော်ခရိုင်နှင့် မိုးညှင်းခရိုင်တို့တွင် ပြည်နယ်အဝင်၊ မြို့အဝင်/အထွက်များတွင် ကျန်းမာရေးစစ်ဆေး ဆောင်ရွက်မှုဂိတ်စခန်းများကို ရုပ်သိမ်းကြောင်း ကချင်ပြည်နယ်အစိုးရအဖွဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးနေလင်းထွန်းက အသိပေးအကြောင်းကြားခဲ့ကြောင်း သိရသည်။
ဇူလိုင် ၁၃ ရက်တွင် ကျင်းပပြုလုပ်ခဲ့သည် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီ ညှိနှိုင်းအစည်းအဝေးဆုံးဖြတ်ချက်အရ နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်များရှိ မြို့အဝင်/အထွက် ဂိတ်များတွင် ကျန်းမာရေးစစ်ဆေးဆောင်ရွက်မှုအား ရုပ်သိမ်းသွားရန် ညွှန်ကြားခဲ့ကြောင်း သိရသည်။
၀၇၈