မြစ်ကြီးနား ၃ စက်တင်ဘာ

 

ကချင်ပြည်နယ်ရှိ ရော်ဘာစိုက်ပျိုးမည့် တောင်သူများသို့ မက္ကားဒေးမီးယား ဖူးဆက်ပျိုးပင် (၅၀၀) ကို စီမံကိန်း ရန်ပုံငွေဖြင့် အခမဲ့ဖြန့်ဖြူးပေးအပ်ခြင်းနှင့် ‌ရော်ဘာအခြေခံ ဘက်စုံသီးနှံစိုက်ခင်းကွင်း သရုပ်ပြပွဲကို စက်တင်ဘာ ၂ ရက် မွန်းလွဲ ၂ နာရီက နှစ်ရှည်ပင်များသုတေသနနှင့် နည်းပညာဖွံ့ဖြိုး‌ရေးခြံ(နောင်နန်း)၌ ပေးအပ်ခဲ့သည်။


    
ပျိုးပင်ပေးအပ်ရာတွင် ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးကျော်ကျော်ဝင်းက မက္ကာဒေးမီးယား မျိုးသန့်ခြံတစ်ခြံသည် ရေမြေဒေသပေါ်မူတည်၍ (၁)ဧကလျှင် အခွံပါစေ့ ၁ တန်မှ ၅ တန်အထိ ထွက်ရှိပြီး အစေ့ဆံ ၀ ဒသမ ၃ တန်မှ ၂ တန်အထိ ရရှိနိုင်မည်ဖြစ်ကြောင်း၊ အပင် သက်တမ်း နှစ်(၂၀)နှင့် နှစ်(၃၀)ကြားသည် အသီးထွက် အကောင်းဆုံးကာလဖြစ်ကြောင်း၊ ယနေ့ နိုင်ငံတကာ ဈေးကွက်တွင် အစေ့ဆံ (၁)တန်လျှင် ဒေါ်လာ (၆၀၀၀) ဝန်းကျင်ရှိသဖြင့် တစ်ဧကလျှင် ကျပ်သိန်း(၆၀) မှ ကျပ် သိန်း(၁၀၀)အထိ ရရှိလာနိုင်မှာဖြစ်သည့်အတွက် လာမည့်နှစ်များတွင်လည်း ပျိုးပင်များလိုအပ်ပါက ‌ဒေသဈေး နှုန်းအတိုင်း တောင်သူများအား ဖြန့်ဖြူးပေးနိုင်ရန် ဆက်လက်ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

 

ထို့နောက် ပြည်နယ်ဝန်ကြီး၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ စိုက်ပျိုးရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများက ဒေသခံရော်ဘာစိုက်တောင်သူ ၁၅ ဦးတို့အား မက္ကားဒေးမီးယား ဖူးဆက်ပျိုးပင် (၅၀၀) ကို စီမံကိန်းရန်ပုံငွေဖြင့် အခမဲ့ဖြန့်ဖြူးပေးအပ်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးနှင့် တာဝန်ရှိသူများက ‌ရော်ဘာအခြေခံ ဘက်စုံသီးနှံစိုက်ခင်းကွင်းအတွင်း သရုပ်ပြစိုက်ပျိုးထားရှိမှုနှင့် ခြံအတွင်း နှစ်ရှည်ပင်များသုတေသနပြုလုပ်မည့် အခြေခံအဆောက်အအုံများ‌အား လိုက်လံကြည့်ရှုခဲ့ကြသည်။

 

ယော်ဆောင်(ပြန်/ဆက်)