မုဒုံ ၇ ဇွန်    

 

ပတ်ဝန်းကျင်စိမ်းလန်းစိုပြေလှပရေး၊ မြေဆီလွှာထိန်းသိမ်းရေးနှင့် ရာသီဥတုမျှတရေးတို့အတွက် ရည်ရွယ်၍  မုဒုံမြို့နယ်   ကြက်ခြေနီအသင်းခွဲမှ ဦးဆောင်ကာ မြို့မ(၄)ရပ်ကွက်၊  ကန်ကြီးရပ်ရှိ  ကန်ကြီးရေကန်၏  ကန်ဘောင်ပတ်လည်၌ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ဇွန် ၆ ရက်နေ့၊ နံနက် ၇ နာရီက ပြုလုပ်သည်။

 

အဆိုပါသစ်ပင်စိုက်ပျိုးပွဲသို့ မုဒုံမြို့နယ် ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌ ဦးပေါ်ထွန်း အတွင်းရေးမှူး ဒေါက်တာကျော်စိုးမိုးနှင့် အဖွဲ့ဝင်များ၊     ရပ်ကွက်နေပြည်သူများအပါအဝင် စုစုပေါင်း (၃၅) ဦးခန့် တက်ရောက်ကြသည်။ 

 

သစ်ပင်စိုက်ပျိုးပွဲတွင် ကျွန်း၊ ပျဉ်ကတိုး၊ မလေးရှားမန်ဂျန်ရှား၊   မဟော်ဂနီနှင့် မလေးရှားပိတောက် စသည့်အမျိုးအစားများပါဝင်သော နှစ်ရှည်အရိပ်ရအပင်မျိုးစုံ (၁၅၀)ပင်ခန့်အား  စိုက်ပျိုးခဲ့ကြကြောင်း မြို့နယ်ပြန်/ဆက်မှ သိရသည်။

 

MDN