ကလော ၂၂  မေ     

 

 
ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးခရိုင်၊ ကလောမြို့နယ်  ဘော်ဆိုင်းကျေးရွာအုပ်စုတွင် ယနေ့ နံနက် ၁၁ နာရီခွဲခန့်က မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ကံပြင်ရပ်ကွက်ရှိ မြေနဂါးသတ္တုတူးဖော်ရေး ကုမ္ပဏီလီမိတက်တွင် လူတစ်ဦးသေဆုံးခဲ့ပြီး နှစ်ဦးဒဏ်ရာရှိခဲ့ကြောင်း သိရသည်။

 

တ္

 


အဆိုပါ မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် မြေနဂါးလုပ်ကွက်ရှိ သတ္တုရေဆေးကန် အဆောက်အဦး ပြိုကျပျက်စီးခြင်းနှင့် အုတ်တံတိုင်းများ ပြိုကျပျက်စီးခဲ့ရာနေရာသို့ ဘော်ဆိုင်းရဲကင်းမှူး ရဲအုပ်လှရွှေ ဦးစီးအဖွဲ့သည် သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ရာ မြေနဂါးသတ္တုလုပ်ကွက်ရှိ သတ္တုရေဆေးကန် အလျားပေ (၉၀)၊ အနံ ပေ (၂၀)၊ အမြင့် (၂၅)ပေရှိ သွပ်မိုး၊ သံဖရိန်အဆောက်အဦ ပြိုကျခဲ့ခြင်းကြောင့် ပင်းတယမြို့နယ် နောင်ခေါကျေးရွာနေသူ ဦးမောင်ဦး (သ) ၃၃ နှစ်၊ ရေဆေးလုပ်သားမှာ မျက်နှာပွန်းပဲ့ဒဏ်ရာများ၊ ဦးခေါင်းပေါက်ပြဲဒဏ်ရာများဖြင့် အခင်းဖြစ်ပွားရာနေရာတွင် သေဆုံးခဲ့သည်။

 


ထို့ပြင် ပင်းတယမြို့နယ် အင်းပက်လက်ကျေးရွာနေသူ ဦးကျော်ခိုင် (သ) ၂၂ နှစ်တွင် မေးစေ့ပေါက်ပြဲဒဏ်ရာ၊ ညာလက်ပေါက်ပြဲ ဒဏ်ရာများနှင့် ဦးစိုးထိုက် (သ) ၂၉ နှစ်တွင် ဦးခေါင်းပေါက်ပြဲဒဏ်ရာ ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။ 

 


မြို့နယ် (ပြန်/ဆက်)

 

နတ္