ကလော ဒီဇင်ဘာ ၁၀
ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အမျိုးသား / အမျိုးသမီးအသက် ( ၁၈ ) နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန်အတွက် ကလောမြို့နယ်ကိုယ်စားပြု လူရွေးချယ်ယှဉ်ပြိုင်ပွဲ အခမ်းအနားကို ယနေ့နံနက် ၈ နာရီခန့်က ကလောမြို့ နယ် အားကစားကွင်း၌ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါပြေးခုန်ပစ်ပြိုင်ပွဲတွင် မြို့နယ်အားကစားနှင့် လူငယ်ရေးရာဦးစီးဌာန မှ အားကစားမှူးဒေါ်ကျော့ကေခိုင်ထွန်းက ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အမျိုးသား/အမျိုးသမီးအသက် ( ၁၈ ) နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲပြုလုပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည် ။
ထို့နောက် မီတာ (၁၀၀) ကျား / မ (ငယ်) ၊ မီတာ (၁၀၀) ၊ မီတာ (၂၀၀) ၊ မီတာ(၄၀၀) ကျား / မ(ကြီး ) ၊ သံလုံးပစ် ကျား / မ နှင့် အလျားခုန် ကျား / မ ပြိုင်ပွဲများ ကျင်းပခဲ့ရာကလောမြို့နယ်ရှိ အထက ၊ အထက ( ခွဲ ) ကျောင်းများမှ အသက် ( ၁၈ ) နှစ်အောက် ကျောင်းသား/ကျောင်းသူများ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြရာ ပထမ ၊ ဒုတိယ ၊ တတိယ ဆုရရှိသူများအား မြို့နယ်အားကစားမှူး ဒေါ်ကျော့ကေခိုင်ထွန်း နှင့် တာဝန်ရှိသူများက ဆုများပေးအပ်ချီးမြှင့်ခဲ့ကြပြီးပါဝင်ယှဉ်ပြိုင်ခဲ့ကြသည့် ကျောင်းများအား အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
မြို့နယ် ပြန်/ဆက်


