ကလော ဒီဇင်ဘာ ၁၀

ရှမ်းပြည်နယ်အစိုးရအဖွဲ့  ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အမျိုးသား / အမျိုးသမီးအသက် ( ၁၈ )   နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန်အတွက် ကလောမြို့နယ်ကိုယ်စားပြု   လူရွေးချယ်ယှဉ်ပြိုင်ပွဲ  အခမ်းအနားကို  ယနေ့နံနက် ၈  နာရီခန့်က ကလောမြို့ နယ် အားကစားကွင်း၌ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါပြေးခုန်ပစ်ပြိုင်ပွဲတွင် မြို့နယ်အားကစားနှင့် လူငယ်ရေးရာဦးစီးဌာန မှ   အားကစားမှူးဒေါ်ကျော့ကေခိုင်ထွန်းက  ရှမ်းပြည်နယ်အစိုးရအဖွဲ့  ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အမျိုးသား/အမျိုးသမီးအသက် ( ၁၈ )   နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲပြုလုပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည် ။  

ထို့နောက် မီတာ (၁၀၀) ကျား /  မ (ငယ်)  ၊  မီတာ (၁၀၀) ၊   မီတာ  (၂၀၀)  ၊ မီတာ(၄၀၀)  ကျား / မ(ကြီး ) ၊   သံလုံးပစ် ကျား / မ နှင့် အလျားခုန် ကျား  /  မ ပြိုင်ပွဲများ ကျင်းပခဲ့ရာကလောမြို့နယ်ရှိ အထက  ၊  အထက  ( ခွဲ )  ကျောင်းများမှ အသက် ( ၁၈ ) နှစ်အောက် ကျောင်းသား/ကျောင်းသူများ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြရာ ပထမ ၊ ဒုတိယ ၊ တတိယ ဆုရရှိသူများအား မြို့နယ်အားကစားမှူး   ဒေါ်ကျော့ကေခိုင်ထွန်း  နှင့်  တာဝန်ရှိသူများက  ဆုများပေးအပ်ချီးမြှင့်ခဲ့ကြပြီးပါဝင်ယှဉ်ပြိုင်ခဲ့ကြသည့် ကျောင်းများအား အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။ 

မြို့နယ် ပြန်/ဆက်