ကလော ၂၅ ဩဂုတ်
ရှမ်းပြည်(တောင်ပိုင်း) တောင်ကြီးခရိုင်၊ ကလောမြို့နယ်တွင် ဟိုတယ်နှင့်ခရီး သွားလာရေးဝန်ကြီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် COVID-19 Relief Package(II) ဟိုတယ်ဆိုင်ရာ ဝန်ဆောင်မှု(မွမ်းမံ) သင်တန်း ဖွင့်ပွဲအခမ်းအနားကို ဩဂုတ် ၂၄ ရက် နံနက် ၁၀ နာရီက ကလောမြို့ Hill Top Villa Hotel ၌ ကျင်းပခဲ့သည်။
အဆိုပါသင်တန်းတွင် ကလောမြို့အတွင်းရှိ ဟိုတယ်များမှဝန်ထမ်း ၄၀ တက်ရောက်ပြီး သင်တန်း ကာလမှာ ဩဂုတ် ၂၄ ရက်မှ စက်တင်ဘာ ၁၁ ရက်အထိ ပို့ချသွားမည်ဖြစ်ကြောင်း၊ သင်တန်းတက်ရောက်သူများနှင့် သင်တန်း ပို့ချပေးသည့် သင်တန်းဆရာများကို နေ့တွက်စရိတ်များ ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)


