ကလော  ၅  စက်တင်ဘာ

 

ရှမ်းပြည်နယ်(တောင်ပိုင်း) ကလောမြို့နယ်၊ ဘုရားပြိုကျေးရွာတွင် ယမန်နေ့ ညနေ ၄ နာရီခန့်က မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ် ၁၈ လုံး အမိုးလန်ပျက်စီးခဲ့ကြောင်း သိရသည်။

 

အဆိုပါ လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ် ၁၈ လုံးရှိ အမိုးသွပ်ချပ်ရေ ၅၅၀ ပျက်စီးခဲ့ပြီး လူနှင့်တိရစ္ဆာန် ထိခိုက်မှုမရှိကြောင်း သိရသည်။

 

အလားတူ ကလောမြို့နယ် ကျောင်းအရှေ့ကျေးရွာတွင် စက်တင်ဘာ ၃ ရက် ညနေ ၄ နာရီခွဲခန့် က  မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ် ရှစ်လုံးနှင့် နွားတင်းကုတ် (၁)လုံး အမိုးလန် ပျက်စီးခဲ့ကြောင်း သိရသည်။

 

အဆိုပါ လေဘေးသင့်လူနေအိမ် ရှစ်လုံးမှ အိမ်ထောင်စုဝင်များအား ဆွေမျိုးများနေအိမ်တွင် နေရာချထားပေးပြီး ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများမှ နေအိမ်များပြန်လည်ပြင်ဆင်နိုင်ရန် ကူညီဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။

 

(မြို့နယ် ပြန်/ဆက်)