တာချီလိတ်  ၂၄   ဇွန် 

 

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် တာချီလိတ်ခရိုင် စီမံခန့်ခွဲမှုကော်မတီတို့ ပူးပေါင်းကျင်းပမည့် ကလေးစာပေပွဲတော် (တာချီလိတ်) အောင်မြင်စွာ ကျင်းပနိုင်ရေး အစမ်းလေ့ကျင့်နေမှုများကို ယနေ့နံနက် ၉ နာရီအချိန်က တာချီလိတ်မြို့၊ မကာဟိုခမ်းရပ်ကွက်၊ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်သည်။ 

 

ကလေးစာပေပွဲတော် (တာချီလိတ်) အောင်မြင်စွာ ကျင်းပနိုင်ရေး အစမ်းလေ့ကျင့်မှုများ ကျင်းပရာနေရာသို့  ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါက်တာအောင်သန်းမောင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊  ပွဲတော်တွင်ပါဝင်မည့် အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများမှ  ဆရာဆရာမများ ကျောင်းသားကျောင်းသူများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ  တက်ရောက်ခဲ့ကြပြီး  ကဏ္ဍအလိုက် လေ့ကျင့်မှုများဆောင်ရွက်ခဲ့ကြပြီး  တာဝန်ရှိသူများက ပွဲတော်တွင် ခင်းကျင်းပြသမည့်  ပြခန်းများအား လိုက်လံကြည့်ရှုခဲ့ကြသည်။ 

 

ဇွန် ၂၅ ရက်မှ ၂၆ ရက်အထိ တာချီလိတ်မြို့၊ မကာဟိုခမ်းရပ်ကွက်၊ အခြေခံပညာ အထက်တန်းကျောင်း၌  နေ့စဉ်နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ ကျင်းပမည့် ကလေးစာပေပွဲတော်တွင် ဖျော်ဖြေရေး အစီအစဉ်များ၊ အသိပညာပေး ပြခန်းများ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲ၊ စက္ကူခေါက်ပြိုင်ပွဲ၊ စကားပုံဆက်ပြိုင်ပွဲ၊ အရုပ်ဆက်ပြိုင်ပွဲ၊ ပူဖောင်းညှပ်ပြိုင်ပွဲ၊ ဖိနပ်စီးပြိုင်ပွဲ၊ ခွက်နင်းကစားနည်းပြိုင်ပွဲ၊ ဆန်ကောရွတ်ပြိုင်ပွဲ၊ ခါးကွင်းလှည့်ပြိုင်ပွဲ ၊ ဘောလုံးပြိုင်ပွဲ၊ ထုတ်ဆီးတိုးပြိုင်ပွဲ၊ ဂိမ်းကစားနည်းပြိုင်ပွဲများ၊ စာပေဟောပြောပွဲနှင့် စာပေစကားဝိုင်း ဆွေးနွေးပွဲများ ပါဝင်သည့်အပြင် ၂၀၁၈ ခုနှစ်အတွင်း ထုတ်ဝေခဲ့သော စာအုပ်များကိုလည်း ခင်းကျင်း ပြသသွားမည်ဖြစ်ပြီး မည်သူမဆို ပါဝင်ဆင်နွှဲနိုင်ကြောင်း သိရသည်။ 

 

အောင်မင်းဟန်

 

ဓာတ်ပုံ- သန်းထွန်းအေး(ပြန်ဆက်)

 

8.jp