တာချီလိတ် ၂၃ ဇွန်
ကလေးစာပေပွဲတော်(တာချီလိတ်)ကို စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် တာဝန်ရှိသူများနှင့် သက်ဆိုင်ရာ အဖွဲ့အစည်းများ၏ ကဏ္ဍအလိုက် စီစဉ်ထားရှိမှုများအား ဇွန် ၂၃ ရက် နံနက်ပိုင်းက ရှမ်းပြည်နယ်အစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းစွံ့စိုင်း၊ ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါက်တာအောင်သန်းမောင် နှင့် အဖွဲ့တို့က လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ပြည်နယ်ဝန်ကြီးနှင့် အဖွဲ့တို့သည် ပွဲတော်ရက်အတွင်း ခင်းကျင်းပြသမည့် ဝန်ကြီးဌာနဆိုင်ရာပြခန်းများ၊ ဖျော်ဖြေရေးနေရာများ၊ ပြိုင်ပွဲအခန်းများ၊ စာအုပ်စာပေ ခင်းကျင်းပြသမည့် နေရာများကို လိုက်လံကြည့်ရှုစစ်ဆေးရာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူး(စီမံ) ဦးကျော်ဇင်စိုး၊ ညွှန်ကြားရေးမှူး(ပြန်/ဆက်) ဦးကျော်ဆင့်နှင့် တာဝန်ရှိသူတို့က ကလေးစာပေပွဲတော် စီစဉ် ဆောင်ရွက်ထားရှိမှု အခြေအနေတို့ကို ရှင်းလင်းပြောကြားသည်။
ပွဲတော်ကို တာချီလိတ်မြို့နယ် မကာဟိုခမ်းရပ်ကွက် အခြေခံပညာအထက်တန်းကျောင်း၌ ဇွန် ၂၅နှင့် ၂၆ ရက်တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။
MDN