ဂွ ၉ သြဂုတ်


ရခိုင်ပြည်နယ် ဂွမြို့ မြို့မရပ်ကွက် ဂမုန်းမြိုင်လမ်းနေ ကိုအောင်မျိုးဇော် (ခ) ကိုနောက်စေ့ အိမ်နောက်ဘက် အုန်းပင်ပေါ်ရှိ ပဒူအုံမှာ တစ်နေ့တစ်ခြား ကြီးလာသည့်အတွက် မြို့နယ်မီးသတ်ဦးစီးဌာနသို့ အိမ်ရှင်မှ အကူအညီ တောင်းခံခဲ့ရာ ဒုမီးသတ်ဦးစီးမှူး ဦးအေးမြင့် ဦးဆောင်သည့် တပ်ဖွဲ့ဝင်လေးဦးသည် ယမန်နေ့ည ၈ နာရီအချိန်တွင် သွားရောက်ဖယ်ရှားရှင်းလင်းပေးခဲ့ကြောင်း သိရသည်။


ပဒူအုံမှာ ကိုက်ခြင်း၊ထိုးခြင်းမရှိသော်လည်း  တစ်နေ့တစ်ခြားကြီးလာသောကြောင့် အိမ်ရှိ ကလေးများအတွက် စိုးရိမ်ပြီး မီးသတ်ဦးစီးဌာနသို့ အကူအညီတောင်းခြင်းဖြစ်ကြောင်း မြို့နယ် ပြန်/ဆက်မှ သိရသည်။


MDN