ကလေး  ၇  အောက်တိုဘာ

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့ ခုတင် (၃၀၀) ပြည်သူ့ဆေးရုံ(တိုင်းရင်းဆေးရုံ)တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ နှစ်ဦးအား ဆေးရုံဆင်းသတ်မှတ်ချက်များအရ ယနေ့ နံနက် ၉ နာရီက ဆေးရုံမှ ဆင်းခွင့်ပြုလိုက်ကြောင်း သိရသည်။

ကလေးမြို့၌ ကိုဗစ်-၁၉ အတည်ပြုလူနာ ၁၉ ဦးကျန်ရှိနေပြီး အဆိုပါလူနာများအား ကလေးမြို့ ခုတင် (၃၀၀) ပြည်သူ့ဆေးရုံ (တိုင်းရင်းဆေးရုံ)တွင် ဆေးကုသမှု ခံယူစေလျက်ရှိကြောင်း သိရသည်။

ထန်းဖုန်(ပြန်/ဆက်)