ကလေး၊  ၂ ဒီဇင်ဘာ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ် ပျဉ်းခုံကြီးကျေးရွာတွင် ကိုဗစ်-၁၉ ကြောင့် စီးပွားရေး ထိခိုက်မှုအပေါ် သက်သာရေးစီမံချက် (CERP) အစီအစဉ်အရ စိုက်ပျိုးထားသော မိုးစပါးဧရာမင်း စံကွက်ရိတ်သိမ်းခြင်းကို‌ တောင်သူ ဦးနန်ခေါသင်နှင့် ဦးရွာလ်းခူမ်းထန်းတို့၏ လယ်ကွင်းတွင် ဒီဇင်ဘာ ၁ ရက် နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။

 

ထိုသို့ဆောင်ရွက်ရွာတွင် ကလေးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများသည် ဒေသခံ တောင်သူများ ပူးပေါင်းကာ မျိုးစေ့ထုတ် မိုးစပါးစိုက်ခင်းရိတ်သိမ်းမည့် လယ်ကွက်တွင် စံနှုန်းများ တိုင်းတာခြင်း၊ ရိတ်သိမ်းချွေလေ့ထားသော စပါးများ၏ အထွက်နှုန်းတိုင်းတာခြင်းများကို ဆောင်ရွက်ခဲ့ကြသည်။

 

အဆိုပါ မိုးစပါးဧရာမင်းစံကွက်ရိတ်သိမ်းရာတွင် တောင်သူ ဦးနန်ခေါသင်၏ ဧရာမင်းမျိုးစေ့ထုတ် မိုးစပါး တစ်ဧကလျှင် ၈၅ ဒသမ ၉၃ တင်း ထွက်ရှိပြီး တောင်သူ ဦးရွာလ်းခူမ်းထန်း၏ လယ်ကွက်တွင် တစဧကလျှင် ၁၀၉ ဒသမ ၃၇ တင်း ထွက်ရှိပြီး ကလေးမြို့နယ်အတွင်း CERP အစီအစဉ်ဖြင့် စိုက်ပျိုးထားသော မိုးစပါး ဧရာမင်း ၅၁၀ ဧက စိုက်ပျိုးလျက်ရှိကြောင်း ကလေးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံး မှ သိရသည်။

ထန်းဖုန်(ပြန်/ဆက်)