ကလေး ၄ နိုဝင်ဘာ
ကလေးမြို့တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပရာတွင် မဲဆန္ဒရှင် ပြည်သူများ လုံခြုံစိတ်ချစွာ မဲပေးနိုင်ရန်အတွက် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသ အမျိုးသားအဆင့် ဗဟိုကော်မတီမှ ပေးပို့သော ကိုဗစ်-၁၉ ကာကွယ်ရေးသုံး ပစ္စည်းများကို ယမန်နေ့ နံနက်ပိုင်းမှစတင်ကာ ဖြန့်ဝေပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ပေးအပ်ဖြန့်ဝေရာတွင် ကိုဗစ်ကာကွယ်ရေးသုံးပစ္စည်းများဖြစ်သည့် KN-95၊ Face Shield၊ Surgical Gowns၊ Coverrall၊ Surgical Glove၊ Protective Mask၊ Goggle၊ Surgical Gowns၊ Boot စသည့် ပစ္စည်းများကို ပေးအပ်ဖြန့်ဝေရာ သက်ဆိုင်ရာ ရပ်ကွက်နှင့် ကျေးရွာကော်မရှင်မှ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြသည်။
စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပရာတွင် မဲဆန္ဒရှင်ပြည်သူများ မဲပေးနိုင်ရန်အတွက် မဲရုံပေါင်း (၁၉၅)ရုံနှင့် မဲဆန္ဒရှင် နှစ်သိန်းရှစ်သောင်းကျော်ရှိကြောင်း သိရသည်။
ထန်းဖုန်(ပြန်/ဆက်)