ရန်ကုန် ၂၉ ဇွန်
ကျောင်းသား၊ ကျောင်းသူများ ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် တီထွင်စမ်းသပ်လိုသည့် အလေ့အကျင့်ကောင်းများ ဖြစ်ပေါ်လာစေရန်ရည်ရွယ်၍ မြောက်ဥက္ကလာပမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စက္ကူခေါက်သင်ကြားခြင်းကို ယနေ့နံနက် ၁၁:၃၀ နာရီက ကလေးစာဖတ်ခန်းမ၌ ဆောင်ရွက်ခဲ့ပါသည်။
ထို့သို့ဆောင်ရွက်ရာတွင် မြို့နယ်ပြန်/ဆက်ဝန်ထမ်းများမှ တီထွင်ဖန်တီးနိုင်မှု အရည်အချင်းအလိုက် ရောင်စုံစက္ကူများဖြင့် အရုပ်မျိုးစုံကို သင်ကြားပြသပေးခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများမှလည်း စိတ်ပါဝင်စားစွာ သင်ယူခဲ့ကြောင်း မြို့နယ်ပြန်/ဆက်မှ သိရှိရသည်။
MDN


