နေပြည်တော်  ၃၀  မေ 

 

ကာကွယ်ရေးဝန်ကြီးဌာန UNCTFMR တို့ ပူးပေါင်း၍ ဒုတိယအကြိမ်မြောက် ကလေးသူငယ် အခွင့်အရေးများအပေါ် ကြီးလေးသောချိုးဖောက်မှု ၆ ရပ်မှ ကာကွယ်တားဆီးရေးဆိုင်ရာ နည်းပြဆရာဖြစ် သင်တန်း (TOT) ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီတွင် နေပြည်တော် Park Royal Hotel ၌ ကျင်းပသည်။ 

 

အခမ်းအနားတွင် အရွယ်မရောက်သေးသူ ကလေးသူငယ်များအား စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီး ထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌကိုယ်စား ကာကွယ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဗိုလ်မှူးချုပ် အောင်ကျော်ဟိုး တက်ရောက်အဖွင့်အမှာစကား ပြောကြားသည်။ 

 

အခမ်းအနားသို့ အရွယ်မရောက်သေးသူ ကလေးသူငယ်များအား စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီးထိန်းသိမ်းရေး ကော်မတီဝင် ဗိုလ်ချုပ် ခွန်သန့်ဇော်ထူးနှင့်   တပ်မတော်အရာရှိကြီးများ၊ UNICEF နှင့် UNCTFMR မှ ဌာနေကိုယ်စားလှယ်အရာရှိကြီးများ၊ သင်တန်းသား တပ်မတော်အရာရှိကြီးများ တက်ရောက်ကြသည်။ 

 

ကလေးသူငယ်အခွင့်အရေးများအပေါ် ကြီးလေးသော ချိုးဖောက်မှု ၆ ရပ်မှ ကာကွယ်တားဆီးရေးဆိုင်ရာ နည်းပြဆရာဖြစ် သင်တန်း(TOT)ကို မေ (၂၉)ရက်မှ (၃၁)ရက်တာ သင်တန်းဖွင့်လှစ်မည်ဖြစ်ပြီး ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) ကွပ်ကဲမှု အောက်ရုံးများမှ အရာရှိကြီးများ၊ တိုင်းစစ်ဌာနချုပ်များနှင့် တပ်မတော်စစ်သား စုဆောင်းရေးတပ်များမှ သင်တန်းသား အရာရှိကြီးများ တက်ရောက်ကြကြောင်း သိရသည်။ 

 

(သတင်းစဉ်) 

 

received_39