၂၁ မေ
၂၀၂၀ ပြည့်နှစ်၊ မေလ (၂၁) ရက်နေ့၊ မြန်မာစံတော်ချိန် (၁၁) နာရီ၊ (ဝ၂) မိနစ်၊ (ဝ၃) စက္ကန့် အချိန်တွင် ကန့်ဘလူမြေငလျင်စခန်းမှ အနောက်ဘက် (၆၃) မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံ ပြည်တွင်း (ကလေးဝမြို့၏ အရှေ့-အရှေ့တောင်ဘက် (၁၅) မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၂၃.၁၄) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ်(၉၄.၅၃)ဒီဂရီ၊ အနက်(၄၆)ကီလိုမီတာကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၃.၃)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွား ကြောင်း တိုင်းထွာရရှိပါသည်။
မိုးဇလ


