ကလေးဝ ၂၈ ဩဂုတ်
စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့တွင် ကိုဗစ်-၁၉ ရောဂါကာလ စီးပွားရေးကုစားမှု CERP အစီအစဉ်ဖြင့် မိုးစပါးစီးပွားဖြစ် မျိုးသန့်မျိုးစေ့ထုတ်ကွက်များအတွက် တောင်သူများအား ထောက်ပံ့ငွေပေးအပ်ပွဲကို ယနေ့ နံနက် ၁၁ နာရီက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
ထောက်ပံ့ပေးအပ်ပွဲတွင် မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးဇော်လင်းက အမှာစကားပြောကြားပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဒေါ်ကြွယ်ကြွယ်လှိုင်က မိုးစပါးစီးပွားဖြစ် မျိုးစေ့ထုတ်တောင်သူများအား ထောက်ပံ့ငွေပေးအပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ ကလေးဝမြို့နယ်အတွင်းရှိ မိုးစပါးစီးပွားဖြစ် မျိုးသန့်မျိုးစေ့ထုတ်မည့် ကျေးရွာအုပ်စု ၂၇ အုပ်စုမှ တောင်သူ ၂၂၁ ဦး၏ မျိုးစေ့ထုတ်လယ်ဧက ၃၅၀ တွင် ဧရာမင်း၊ ဆင်းသုခ၊ ဆင်းဧကရီ-၃ မျိုးသန့် မျိုးစေ့များအတွက် မျိုးစေ့ဖိုး၊ စိုက်ပျိုးစရိတ် (၂၉၃၉၅၀၀၀) ကျပ်အား မြို့နယ် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက တောင်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
သက်ဟန်(ကလေးဝ)


