ကလေးဝ ၁၅ စက်တင်ဘာ
စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ရေး အတွက် ဒုတိယအကြိမ် ပါးစပ် နှာခေါင်းစည်း Mask များ စနစ်တကျ တပ်ဆင်ရေး Mask Campaing ပြုလုပ်ခြင်း နှင့် Mask အခုရေ ၁၅၀ဝ အခမဲ့ ဖြန့်ဝေခြင်းကို ယနေ့ နံနက် ၈ နာရီက အမှတ်-၃ ရပ်ကွက် မြို့လမ်းဆုံ နေရာ၌ ဆောင်ရွက်ခဲ့သည်။
ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်လင်း၏ ဦးဆောင်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင် သာယာရေးကော်မတီ၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်စားသုံးသူ ရေးရာဦးစီးဌာန၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်းတို့ ပူးပေါင်း၍ ကလေးဝမြို့တွင်း ဝင်/ထွက် သွားလာနေသော ပြည်သူ များအား ပါးစပ် နှာခေါင်းစည်း Mask များ စနစ်တကျ တပ်ဆင်ရေး အသိပညာပေးခြင်း Mask များ အခမဲ့ဖြန့်ဝေ ပေးခြင်း၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပေးချက်များကို Hand Speaker နှင့် ကြေညာပေးခြင်း လုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သက်ဟန်(ကလေးဝ)


