ကလိန်အောင် ၂၉ ဩဂုတ်
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် ကလိန်အောင်မြို့ အမှတ်(၄) ရပ်ကွက် ဆံတော်ရှင် ဘုရားသွား ကားလမ်း မိုင်တိုင်အမှတ် (၃)မိုင်(၁)ဖာလုံမြေနိမ့်ပိုင်းနေရာ ကားလမ်းမပေါ်၌ ဩဂုတ်လ၂၉ ရက်နေ့ မနက်ပိုင်းမှစ၍ ရေကျသွားပြီဖြစ်၍ မော်တော်ယာဉ်၊ ဆိုင်ကယ်နှင့် လူများ ပုံမှန်ဖြတ်သန်း သွားလာနိုင်ပြီ ဖြစ်ကြောင်းသိရသည်။
ကလိန်အောင်( ပြန်/ဆက်)


